Monday, January 18, 2010

ပြည်ပရောက် မြန်မာလုပ်သားများ အခွင့်အရေးနစ်နာမှုကြုံပါက အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများက ပြည်ပလုပ်ငန်းရှင်များနှင့် ဆက်သွယ်၍ တာဝန်ယူဖြေရှင်းပေးရမည်

ပြည်ပတွင် ရောက်ရှိနေသော မြန်မာအလုပ်သမားများ အခွင့်အရေးနစ်နာမှုကြုံတွေ့ပါက အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ က ပြည်ပလုပ်ငန်းရှင်များနှင့် ဆက်သွယ်၍ ရပိုင်ခွင့်နှင့် အခွင့်အရေးများအတွက် တာဝန်ယူဆောင်ရွက်ပေးရမည် ဖြစ်ကြောင်းသိရသည်။
ပြည်ပရောက် မြန်မာအလုပ်သမားများ တွင် တောင်းဆိုနိုင်သည့် အခွင့်အရေးများ တရားဝင် သတ်မှတ်ပေးထားသော်လည်း သိရှိသူနည်းပါးနေသောကြောင့် ရသင့်သည့် အခွင့်အရေးများ ဆုံးရှုံးနေရကြောင်း ပြည်ပတွင် သွားရောက်လုပ်ကိုင်ခဲ့သူများထံမှ သိရသည်။
ထို့ပြင် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအကျိုးဆောင် လိုင်စင်ရရှိသူ၏ တာဝန် နှင့်အခွင့်အရေးများ အောက်တွင် အကျိုးဆောင်လိုင်စင်ရရှိသူသည် အလုပ်သမား၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက သက်ဆိုင်ရာပြည်ပလုပ်ငန်းရှင်နှင့် ဆက် သွယ်၍ ယင်းရပိုင်ခွင့်နှင့်အခွင့်အရေးများ အပြည့်အ၀ရရှိခံစားနိုင်ရေး အတွက် တာဝန်ယူဆောင်ရွက်ရမည်။ စာချုပ်ရှိပါက ယင်းစာချုပ်ပါ သဘောတူထားသည့် တာဝန်များကို အလုပ်သမားအတွက် ဆောင်ရွက်ပေးရမည် ဟူသည့်အချက်များ ပါဝင်နေသည်ကို သိရသည်။
ပြည်ပအလုပ်အကိုင်ဆိုင်ရာ အကျိုးဆောင်လိုင်စင်ရှိသူ အကျိုးဆောင်နှင့် အလုပ်သမားများကြား စာချုပ်ရှိပါက ယင်းစာချုပ်ပါ သဘောတူထားသည့် တာဝန်များကို အလုပ်သမားအတွက် ဆောင်ရွက်ပေးရမည်ဟူသည့် အချက်များ ပါဝင်နေသည်ဖြစ်ရာ ပြည်ပသို့ သွားရောက်လိုသော အလုပ်သမား များအနေဖြင့်အကျိုးဆောင်နှင့်ဆောင် ရွက်ရာတွင် တရားဝင်စာချုပ်စာတမ်း များချုပ်ဆိုခြင်း၊ စာချုပ်ထဲတွင် မိမိ လိုချင်သည့် အကြောင်းအရာအချက် အလက်များ ပြည့်ပြည့်စုံစုံထည့်သွင်း ချုပ်ဆိုခြင်းတို့ဆောင်ရွက်သင့်ကြောင်း၊ ထိုသို့ချုပ်ဆိုမှသာ နစ်နာမှု တစ်စုံ တစ်ရာပေါ်ပေါက်ပါက စာချုပ်ပါ အချက်များအတိုင်း တောင်းဆိုနိုင်မည် ဖြစ်ကြောင်း အထက်တန်းရှေ့နေတစ်ဦး ကအကြံပေးပြောကြားခဲ့သည်။
ပြည်ပရောက် မြန်မာအလုပ် သမားများတောင်းဆိုနိုင်သည့် အခွင့်အရေးများမှာ ''အလုပ်သမားသည် ပြည်ပတွင်အလုပ်ခွင် ထိခိုက်မှုအတွက် ရထိုက်ခွင့်ရှိသည့် လျော်ကြေး၊ နစ်နာ ကြေးအပြည့်အ၀ ရရှိစေရေးအတွက် ဆောင်ရွက်ပေးရန် သက်ဆိုင်ရာအကျိုး ဆောင်မှတစ်ဆင့် တောင်းဆိုခွင့်ရှိ သည်။ ပြည်ပအလုပ်အကိုင်နှင့် စပ်လျဉ်း၍ ရပိုင်ခွင့်နှင့်အခွင့်အရေးများ နစ်နာဆုံးရှုံးမှုအတွက် တရားမကြောင်း အရဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ တရားစွဲဆိုခွင့်ရှိသည်'' ဟူ၍ ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေ၏အခန်း ၈၊ အလုပ်သမားများ၏ တာဝန်နှင့်အခွင့် အရေးများ အောက်ရှိ ပုဒ်မ ၂၄ တွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။
မှတ်ပုံတင်ပြီး ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်သည့် အလုပ်သမားသည် ပြည်ပတွင်အလုပ်လုပ်ကိုင်နေစဉ် ထူးခြားသည့်အလုပ်အကိုင် အခြေအနေကို သက်ဆိုင်ရာအကျိုး ဆောင်သို့ သတ်မှတ်ချက်များနှင့်အညီ သတင်းပို့ရမည်ဖြစ်ကြောင်း အကျိုးဆောင်နှင့်ဆက်သွယ်၍ သွားရောက် လုပ်ကိုင်ခဲ့ခြင်းမဟုတ်ပါက သက်ဆိုင်ရာ မြန်မာသံရုံး သို့မဟုတ် ကောင်စစ် ၀န်ရုံးသို့ သတ်မှတ်ချက်များနှင့်အညီ သတင်းပို့ ရမည်ဖြစ်ကြောင်း အဆိုပါ ရုံးများမရှိလျင် ဦးစီးဌာနသို့ သတင်းပို့ရမည်ဟူ၍ ပြည်ပအလုပ်အကိုင်ဆိုင် ရာဥပဒေ၏ အလုပ်သမားများတာဝန် တွင် ပါဝင်နေသည်ကိုတွေ့ရသည်။
မလေးရှားတွင် စားပွဲထိုးအလုပ်ရမည် ပြောသော်လည်း လက်တွေ့တွင် ပြောသည့်အတိုင်း အလုပ်မရရှိခဲ့ဘဲ ဂေါက်ကွင်းတစ်ခုတွင်သာ အောက်ခြေသိမ်းအလုပ်ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်ဆိုင်ရာ အကျိုးဆောင် လုပ်ငန်းအချို့သည် မည်သည့် အလုပ်ရပါမည်ဟုအာမခံ သည့်အတိုင်း ပြည်ပတွင် အလုပ်ရှာ မပေးနိုင်သူများ များပြားနေကြောင်း မလေးရှားနိုင်ငံတွင် သွားရောက်အလုပ် လုပ်ကိုင်ခဲ့သူတစ်ဦးက ဆိုပါသည်။
''ကျွန်တော်နဲ့ ကျွန်တော့ယောက်ဖ နှစ်ယောက်စလုံး မလေးရှားမှာ အလုပ် သွားလုပ်ပါတယ်။ အေးဂျင့်တွေက တော့ ဟိုမရောက်ခင် ဘာအလုပ်ရပါ မယ်၊ ဘယ်လို လစာကောင်းပါမယ် ပြောတာပါပဲ။ ဟိုမှာ သူတို့ပြောတဲ့ အတိုင်း အလုပ်ရော လစာရောမရလို့ အရင်းကျေအောင်မနည်းလုပ်ပြီး ပြန်လာခဲ့ရပါတယ်'' ဟု တာမွေမြို့နယ် အတွင်းနေထိုင်သူတစ်ဦးက ဆိုပါသည်။
ပြည်ပအလုပ်အကိုင်နှင့် ပတ်သက်၍ တရားရုံးချုပ်ရှေ့နေတစ်ဦးက ''ဘယ်လိုလူမျိုးမဆို အကျိုးဆောင် လိုင်စင်မရှိဘဲ အကျိုးဆောင်လုပ်ငန်း ကိုလုပ်ကိုင်တယ်လို့ ပြစ်မှုထင်ရှား စီရင်ခြင်းခံရရင် အဲဒီလူကို ထောင် ဒဏ် ခုနစ်နှစ်အထိ ချမှတ်လို့ရတဲ့ အပြင်ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။ ဒါ့အပြင် အကျိုးဆောင်လိုင်စင်ရှိသူက ကြီးကြပ်ရေးအဖွဲ့က သတ်မှတ်တဲ့ဝန်ဆောင်ခထက် ပိုမိုတောင်းခံတာပြစ်မှုထင်ရှားရင် ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်လို့ ရတဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။ ဒီလိုပြစ်မှုနဲ့ပြစ်ဒဏ် တွေကို ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ နဲ့ ၂၇ မှာဆိုထားပါ တယ်''ဟု ရှင်းပြခဲ့သည်။ပြည်ပတွင် ရောက်ရှိနေသော မြန်မာအလုပ်သမားများ အခွင့်အရေးနစ်နာမှုကြုံတွေ့ပါက အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ က ပြည်ပလုပ်ငန်းရှင်များနှင့် ဆက်သွယ်၍ ရပိုင်ခွင့်နှင့် အခွင့်အရေးများအတွက် တာဝန်ယူဆောင်ရွက်ပေးရမည် ဖြစ်ကြောင်းသိရသည်။
ပြည်ပရောက် မြန်မာအလုပ်သမားများ တွင် တောင်းဆိုနိုင်သည့် အခွင့်အရေးများ တရားဝင် သတ်မှတ်ပေးထားသော်လည်း သိရှိသူနည်းပါးနေသောကြောင့် ရသင့်သည့် အခွင့်အရေးများ ဆုံးရှုံးနေရကြောင်း ပြည်ပတွင် သွားရောက်လုပ်ကိုင်ခဲ့သူများထံမှ သိရသည်။
ထို့ပြင် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအကျိုးဆောင် လိုင်စင်ရရှိသူ၏ တာဝန် နှင့်အခွင့်အရေးများ အောက်တွင် အကျိုးဆောင်လိုင်စင်ရရှိသူသည် အလုပ်သမား၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက သက်ဆိုင်ရာပြည်ပလုပ်ငန်းရှင်နှင့် ဆက် သွယ်၍ ယင်းရပိုင်ခွင့်နှင့်အခွင့်အရေးများ အပြည့်အ၀ရရှိခံစားနိုင်ရေး အတွက် တာဝန်ယူဆောင်ရွက်ရမည်။ စာချုပ်ရှိပါက ယင်းစာချုပ်ပါ သဘောတူထားသည့် တာဝန်များကို အလုပ်သမားအတွက် ဆောင်ရွက်ပေးရမည် ဟူသည့်အချက်များ ပါဝင်နေသည်ကို သိရသည်။
ပြည်ပအလုပ်အကိုင်ဆိုင်ရာ အကျိုးဆောင်လိုင်စင်ရှိသူ အကျိုးဆောင်နှင့် အလုပ်သမားများကြား စာချုပ်ရှိပါက ယင်းစာချုပ်ပါ သဘောတူထားသည့် တာဝန်များကို အလုပ်သမားအတွက် ဆောင်ရွက်ပေးရမည်ဟူသည့် အချက်များ ပါဝင်နေသည်ဖြစ်ရာ ပြည်ပသို့ သွားရောက်လိုသော အလုပ်သမား များအနေဖြင့်အကျိုးဆောင်နှင့်ဆောင် ရွက်ရာတွင် တရားဝင်စာချုပ်စာတမ်း များချုပ်ဆိုခြင်း၊ စာချုပ်ထဲတွင် မိမိ လိုချင်သည့် အကြောင်းအရာအချက် အလက်များ ပြည့်ပြည့်စုံစုံထည့်သွင်း ချုပ်ဆိုခြင်းတို့ဆောင်ရွက်သင့်ကြောင်း၊ ထိုသို့ချုပ်ဆိုမှသာ နစ်နာမှု တစ်စုံ တစ်ရာပေါ်ပေါက်ပါက စာချုပ်ပါ အချက်များအတိုင်း တောင်းဆိုနိုင်မည် ဖြစ်ကြောင်း အထက်တန်းရှေ့နေတစ်ဦး ကအကြံပေးပြောကြားခဲ့သည်။
ပြည်ပရောက် မြန်မာအလုပ် သမားများတောင်းဆိုနိုင်သည့် အခွင့်အရေးများမှာ ''အလုပ်သမားသည် ပြည်ပတွင်အလုပ်ခွင် ထိခိုက်မှုအတွက် ရထိုက်ခွင့်ရှိသည့် လျော်ကြေး၊ နစ်နာ ကြေးအပြည့်အ၀ ရရှိစေရေးအတွက် ဆောင်ရွက်ပေးရန် သက်ဆိုင်ရာအကျိုး ဆောင်မှတစ်ဆင့် တောင်းဆိုခွင့်ရှိ သည်။ ပြည်ပအလုပ်အကိုင်နှင့် စပ်လျဉ်း၍ ရပိုင်ခွင့်နှင့်အခွင့်အရေးများ နစ်နာဆုံးရှုံးမှုအတွက် တရားမကြောင်း အရဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ တရားစွဲဆိုခွင့်ရှိသည်'' ဟူ၍ ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေ၏အခန်း ၈၊ အလုပ်သမားများ၏ တာဝန်နှင့်အခွင့် အရေးများ အောက်ရှိ ပုဒ်မ ၂၄ တွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။
မှတ်ပုံတင်ပြီး ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်သည့် အလုပ်သမားသည် ပြည်ပတွင်အလုပ်လုပ်ကိုင်နေစဉ် ထူးခြားသည့်အလုပ်အကိုင် အခြေအနေကို သက်ဆိုင်ရာအကျိုး ဆောင်သို့ သတ်မှတ်ချက်များနှင့်အညီ သတင်းပို့ရမည်ဖြစ်ကြောင်း အကျိုးဆောင်နှင့်ဆက်သွယ်၍ သွားရောက် လုပ်ကိုင်ခဲ့ခြင်းမဟုတ်ပါက သက်ဆိုင်ရာ မြန်မာသံရုံး သို့မဟုတ် ကောင်စစ် ၀န်ရုံးသို့ သတ်မှတ်ချက်များနှင့်အညီ သတင်းပို့ ရမည်ဖြစ်ကြောင်း အဆိုပါ ရုံးများမရှိလျင် ဦးစီးဌာနသို့ သတင်းပို့ရမည်ဟူ၍ ပြည်ပအလုပ်အကိုင်ဆိုင် ရာဥပဒေ၏ အလုပ်သမားများတာဝန် တွင် ပါဝင်နေသည်ကိုတွေ့ရသည်။
မလေးရှားတွင် စားပွဲထိုးအလုပ်ရမည် ပြောသော်လည်း လက်တွေ့တွင် ပြောသည့်အတိုင်း အလုပ်မရရှိခဲ့ဘဲ ဂေါက်ကွင်းတစ်ခုတွင်သာ အောက်ခြေသိမ်းအလုပ်ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်ဆိုင်ရာ အကျိုးဆောင် လုပ်ငန်းအချို့သည် မည်သည့် အလုပ်ရပါမည်ဟုအာမခံ သည့်အတိုင်း ပြည်ပတွင် အလုပ်ရှာ မပေးနိုင်သူများ များပြားနေကြောင်း မလေးရှားနိုင်ငံတွင် သွားရောက်အလုပ် လုပ်ကိုင်ခဲ့သူတစ်ဦးက ဆိုပါသည်။
''ကျွန်တော်နဲ့ ကျွန်တော့ယောက်ဖ နှစ်ယောက်စလုံး မလေးရှားမှာ အလုပ် သွားလုပ်ပါတယ်။ အေးဂျင့်တွေက တော့ ဟိုမရောက်ခင် ဘာအလုပ်ရပါ မယ်၊ ဘယ်လို လစာကောင်းပါမယ် ပြောတာပါပဲ။ ဟိုမှာ သူတို့ပြောတဲ့ အတိုင်း အလုပ်ရော လစာရောမရလို့ အရင်းကျေအောင်မနည်းလုပ်ပြီး ပြန်လာခဲ့ရပါတယ်'' ဟု တာမွေမြို့နယ် အတွင်းနေထိုင်သူတစ်ဦးက ဆိုပါသည်။
ပြည်ပအလုပ်အကိုင်နှင့် ပတ်သက်၍ တရားရုံးချုပ်ရှေ့နေတစ်ဦးက ''ဘယ်လိုလူမျိုးမဆို အကျိုးဆောင် လိုင်စင်မရှိဘဲ အကျိုးဆောင်လုပ်ငန်း ကိုလုပ်ကိုင်တယ်လို့ ပြစ်မှုထင်ရှား စီရင်ခြင်းခံရရင် အဲဒီလူကို ထောင် ဒဏ် ခုနစ်နှစ်အထိ ချမှတ်လို့ရတဲ့ အပြင်ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။ ဒါ့အပြင် အကျိုးဆောင်လိုင်စင်ရှိသူက ကြီးကြပ်ရေးအဖွဲ့က သတ်မှတ်တဲ့ဝန်ဆောင်ခထက် ပိုမိုတောင်းခံတာပြစ်မှုထင်ရှားရင် ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်လို့ ရတဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။ ဒီလိုပြစ်မှုနဲ့ပြစ်ဒဏ် တွေကို ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ နဲ့ ၂၇ မှာဆိုထားပါ တယ်''ဟု ရှင်းပြခဲ့သည်။
source: first-11 Media




No comments: